ယာခင်းသွားသည့်လမ်းအား ပြင်နေသည့် တောင်သူတစ်ဦး ပစ်သတ်ခံရ


(ပြည်တွင်း)ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းကျေးရွာတွင် ယနေ့နံနက်၇နာရီအချိန်ခန့်က လမ်းပြင်နေသည့်အမျိုးသား တစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရသည်။


ယနေ့နံနက်၇နာရီအချိန်ခန့်က ဦးသန်းဝင်း၊ ၅၇ နှစ် (ဘ) ဦးသာအေးသည် ဝန်ကုန်းကျေးရွာ၏အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ ယာခင်းသွားသည့်လမ်းအားပြင်နေစဥ်အကြမ်းဖက်သမား ၃ ဦးခန့်သည် ဆိုင်ကယ် ၂ စီး၊ သေနတ်အရှည်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးသန်းဝင်းတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်ရပ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။။

#PAN