နာဂဒေသက အိမ်ထောင်စု (၇၇) စု ဗုဒ္ဓဘာသာသို့ ကူးပြောင်းဝင်ရောက်


(ပြည်တွင်း) ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ဆပ္ပလော်နောက်ကုန်းကျေးရွာ‌မှ ကျေးရွာသူ ကျေးရွာသားအားလုံး ဗုဒ္ဓဘာသာသို့ ဒီဇင်ဘာ ၇ ရက်နေ့က ကူးပြောင်းခဲ့ကြောင်း သိရသည်။

ဆပ္ပလော်နောက်ကုန်းကျေးရွာ‌တွင် အိမ်ထောင်စု ၇၇ စု၊ လူဦးရေ ၄၀၀ ကျော်နေထိုင်ပြီး ဆပ္ပလော်နောက်ကုန်းရွာ၏ အကြီးအကဲများဖြစ်ကြသည့် ရွာစော်ဘွား၊ ရွာလူကြီးများနှင့် ရွာသူရွာသားများမှ မိမိတို့၏ သဘောဆန္ဒအလျှောက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ကိုးကွယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နောင် ဗုဒ္ဓဘာသာမှတပါး အခြားဘာသာသို့.တစ်စုံတစ်ယောက်က ကူးပြောင်းဝင်ရောက်ခဲ့မည်ဆိုပါက ဗုဒ္ဓဘာသာဝင်များရှိရာ ကျေးရွာကနေထွက်သွားမည်ဖြစ်ကြောင်းကိုလည်း ရွာသူရွာသားများမှ ဝန်ခံကတိလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

PAN