(နိုင်ငံတကာ) ဒီဇင်ဘာ ၁၄
အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်းသည် ဗီယက်နမ်နိုင်ငံရှိ ရေတပ်စခန်းတစ်ခုသို့ ချစ်ကြည်ရေး ခရီးလာမည်ဖြစ်ကြောင်း ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာန က ဒီဇင်ဘာလ ၁၃ ရက်တွင်ထုတ်ပြန်ထားသည်။
Independence အမျိုးအစားကမ်းနီးတိုက်ရေယာဉ်တစ်စင်းဖြစ်သည့် USS Savannah သည် ဒီဇင်ဘာလ ၁၆ ရက်တွင် အဆိုပါရေတပ်စခန်းသို့ ဆိုက်ရောက်မည် ဖြစ်သည်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်သည် ငါးရက်ကြာမြင့် မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား တာဝန်ရှိသူများအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဆက်လက် ဖော်ပြထားသည်။
ယခုကဲ့သို့ အမေရိကန် စစ်ရေယာဉ်၏ ချစ်ကြည်ရေး ခရီးစဉ်သည် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခိုင်မာမှုရှိစေမည်သာမက နှစ်နိုင်ငံကြားရှိ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း မြှင့်တင်ပေးနိုင်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် စစ်ရေယာဉ်တစ်စင်းလာရောက်လာမှုသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုကို ပြသနေကြောင်း ဝန်ကြီးဌာနက ပြောသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။
Telegram»…
https://t.me/positiveanglenews