ဒဏ်ရာကြောင့် အမ်ဘာပေ ၁၀ ရက်ခန့်နားရမည်

(အားကစား) ဒီဇင်ဘာ ၁၄

ရီးရဲလ်အသင်းရဲ့အဓိက တိုက်စစ်မှူး အမ်ဘာပေ ဟာ အတ္တလန္တာအသင်းကို ၃ ဂိုး၊ ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ၁၀ ရက်ခန့် အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမ်ဘာပေ ဟာ အတ္တလန္တာအသင်းနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၃၅ မိနစ် မှာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆေးကုသမှု တွေကို ခံယူနေရတယ်လို့ ရီးရဲလ်အသင်းက တရားဝင် အသိပေးခဲ့ပါတယ်။

အမ်ဘာပေ ဟာ ဒဏ်ရာကြောင့် ၁၀ ရက်ခန့်အနားယူရမှာဖြစ်ပြီး အခုတစ်ပတ်မှာ ကစားမယ့် ဗယ်လီကာနို အသင်းနဲ့ လာလီဂါပွဲစဉ်အပြင် ဒီဇင်ဘာလ ၁၈ ရက်မှာ ကစားမယ့် အင်တာကွန်တီနန်ရှယ်ဗိုလ်လုပွဲစဉ်ကိုပါ လွဲချော်သွား ဖွယ် ရှိနေပါတယ်။

အမ်ဘာပေ ဟာ အခုရာသီမှာ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲ ကစားထားရာမှာ ၁၂ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

PAN