(နိုင်ငံတကာ) ဒီဇင်ဘာ ၁၃ ရက်
အမေရိကန်စစ်တပ်၏ အဓိကတိုက်လေယာဉ် များဖြစ်သည့် F-35 တိုက်လေယာဉ်အစိတ်အပိုင်းများထုတ်လုပ်သည့် စက်ရုံတစ်ရုံအား ပါလက်စတိုင်းထောက်ခံသူများမှ မော်တော်ယာဉ်များဖြင့် ပိတ်ဆို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
စကော့တလန်နိုင်ငံ EdinBurgh ဒေသတွင်ရှိသည့် လီယိုနာဒိုအမည်ရှိ အဆိုပါစက်ရုံ၏ ဝင်ပေါက် နှစ်ပေါက်လုံးအား ပိတ်ဆို့ထားခဲ့ကြောင်းသိရသည်။
ပါလက်စတိုင်းလိုလားသူများသည် အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်အစိတ်အပိုင်းများသည် အစ္စရေး၏ ပါလက်စတိုင်း ပြည်သူများအား လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ရာတွင် အထောက် အကူဖြစ်စေကြောင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။
ပါလက်စတိုင်းအရေးလှုပ်ရှားသည့်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက အစ္စရေးစစ်ပွဲတွင် ပါလက်စတိုင်းပြည်သူများအပေါ် သတ်ဖြတ်မှုများ ရပ်တန့်ရန် အဆိုပါ တိုက်လေယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ဟန့်တားသည့် ကြိုးပမ်းမှုဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews