အလုပ်သမား ၅ ထောင်ကျော်ရဲ့ မိသားစုထံ ငွေလွှဲပို့မှုအခြေအနေ၊ အထောက်အထားတွေကို စိစစ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနပြော

(စီးပွားရေး) ဒီဇင်ဘာ ၁၃

၂၀၂၄ခုနှစ် မေလကနေ သြဂုတ်လအထိ ပြည်ပကို စေလွှတ်ခဲ့သည့် အလုပ်သမား ၅၆၈၆၀ ဦး၏ မိသားစုထံ ငွေလွှဲပို့မှုအခြေအနေ၊ အထောက်အထားများအား စိစစ်သွားမည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ကြေညာထားသည်။

ဝန်ကြီးဌာနက စိစစ်မည်ဆိုသည့် အဆိုပါ လုပ်သား ၅၀၀၀၀ ကျော်ကို ပြည်ပအလုပ်အကိုင်အေဂျင်စီ ၄၂၉ ခုမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ရက်ကို အေဂျင်စီ ၅၀ ခုစီ စစ်ဆေးသွားမှာဖြစ်ပြီး ရက်အလိုက် စစ်ဆေးခံရမည့် အေဂျင်စီများ၏ အမည်စာရင်းကိုလည်း ကြေညာထားကာ ရန်တိုင်းဒေသကြီးရုံးတွင် လက်ခံစစ်ဆေးသွားမည်ဖြစ်ပြီး စာရင်းပါအေဂျင်စီမျာအနေဖြင့် မိမိတို့ သွားရောက်တင်ပြရမည့် ရက်များတွင် မပျက်မကွက် သွားရောက်တင်ပြရန် လိုအပ်သည်ဟုလည်း ဝန်ကြီးဌာနက အသိပေးပြောဆိုထားသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီမျာအနေဖြင့် လက်ရှိတွင် လအလိုက် အလုပ်သမား၏ လွှဲပို့ငွေအထောက်အထားကို ပေးပို့တင်ပြနေရကြောင်း သိရှိရပြီး မိသားစုလွှဲပို့ငွေ အထောက်အထား ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လကုန်ပြီး ၅ ရက်အတွင်း မပျက်မကွက် ပုံမှန်ပေးပို့ရန် အလုပ်သမားဝန်ကြီးဌာနမှ အသိပေးချက် ထုတ်ပြန်ထားသည်။

အချိန်မီ ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည့်အပြင် အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့ခံရမှာြဖစ်ကြောင်းပြောဆိုထားပြီး ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မိသားစုထံ လွှဲပို့ငွေ လချုပ်စာရင်းမပို့သည့် အလုပ်အကိုင် အေဂျင်စီ ၁၁၈ ခုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

PAN