(ပြည်တွင်း) ဒီဇင်ဘာ ၁၃
အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေနဲ့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရန် လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမှာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နှင့် အခြားလိုအပ်တဲ့ စာရွက်စာတမ်း မူရင်းများကို တင်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
#PAN