“အမြဲတမ်းမသန်စွမ်းမှုနှင့်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး”

(ပြည်တွင်း) ဒီဇင်ဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂ဝ၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်းမသန်စွမ်းမှုနှင့် ဆိုင်တဲ့ ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့၊ မြန်မာ့မီးရထား၊ မြို့ပြနှင့်အင်ဂျင်နီယာဌာန လက်ထောက်အင်ဂျင်နီယာရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရ ပါတယ်။

အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြပို က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းနှင့် အလုပ်ခွင်အတွင်း မတော်တဆထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းအတွက် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒက္ခိဏသီရိမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့မီးရထား၊ မြို့ပြအင်ဂျင်နီယာ ဌာနမှ အာမခံအလုပ်သမား ဝန်ထမ်းတစ်ဦးကို လုပ်ငန်းအတွင်းထိခိုက်မှုကြောင့် အမြဲတမ်းလုပ်အားဆုံးရှုံးမှု ၁၀၀ ရာခိုင် နှုန်းနှင့် အမြဲမပြတ်ပြုစုစောင့်ရှောက်ရန် ၁၀ ရာခိုင်နှုန်း၏ ၉ နှစ်စာအတွက် ငွေလုံးငွေရင်းအကျိုးခံစားခွင့် ငွေကျပ် ၁၁,၉၇၅,၄၀၀ ကို ဒီဇင်ဘာလ ၁၁ ရက်က အိမ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ 

#PAN