အမြန်လမ်းမပေါ်တွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ Drop Bomb ချ တိုက်ခိုက်ခံရ


(ပြည်တွင်း) ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်နှင့်နွားထိုးကြီးမြို့နယ်အစပ်၊ မန္တလေး- ရန်ကုန်အမြန်လမ်း၊ မိုင်တိုင်အမှတ် ၃၁၉(၆/၇)အကြားရှိ တဇောက်ချောင်းတံတား၌ ရဲတပ်ဖွဲ့ဝင်များ လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်ခန့်က တဇောက်ချောင်းတံတား၌ လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက် PDF အင်အား ၇၀ ခန့်က တံတားပတ်လည် မီတာ ၂၀၀ ခန့်အကွာမှ Drone ဖြင့် Drop Bomb ချကာ တိုက်ခိုက်ခဲ့ပြီး လက်နက်​ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ပြီး အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ တိုက်ပွဲဖြစ်စဥ်ကြောင့် အမြန်လမ်းအား ယာဥ်အသွား အလာ ခေတ္တပိတ်ထားခဲ့ပြီး ညနေ ၅ နာရီအချိန်တွင် အမြန်လမ်းအား ပြန်ဖွင့်ပေးခဲ့ပြီး ယာဥ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း၊ ဖြစ်စဥ်ဖြစ်ပွားရာသို့ တပ်မတော်စစ်ကြောင်း ရောက်ရှိလာပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews

PAN