“သုခဒဂုံအိမ်ရာမှာ အိမ်ခန်းရမည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ”

(ပြည်တွင်း) ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ အိမ်ခန်းရမယ်ဆိုပြီး ငွေကြေးလိမ်လည်မှုတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့သတိပြုဖို့ သုခဒဂုံအိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အသိပေးကြေညာထားပါတယ်။

ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)တွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေကို မဲနှိုက်ကာ သတ်မှတ်ငှားရမ်းခနှုန်းထားနဲ့ ငှားရမ်းနေထိုင်ဖို့ ခွင့်ပြုထားတာဖြစ်ပါတယ်။

အခန်းကို မဲမနှိုက်ဘဲရမယ်ဆိုပြီး စာရွက်စာတမ်းအတုတွေနဲ့ online ကတစ်ဆင့် လိမ်လည်တာအပါအဝင် တခြားငွေကြေးလိမ်လည်နည်းမျိုးစုံ နည်းမျိုးစုံနဲ့လိမ်လည်နေတာတွေရှိနေတယ်လို့ သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

သုခဒဂုံပြည်သူ့အငှားရာမှာ ဆောက်လုပ်ပြီးစီးတဲ့ အခန်းတွေကို အများပြည်သူတွေ၊ အငြိမ်းစားဝန်ထမ်းနဲ့ လက်ရှိ ဝန်ထမ်းတွေကို မဲနှိုက်ကာ ၅နှစ် ငှားရမ်းနေထိုင်ခွင့်တွေ ချထားပေးပြီးဖြစ်သလို ဆက်လက်ပြီးလည်း ဆောက် လုပ်ဆဲတိုက်ခန်းတွေကို ပြီးစီးမှုအလိုက် မဲနှိုက်နေရာချထားပေးဖို့လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

#PAN