“မြဝတီမြို့၌ အခြေခံစားသုံးကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ တစ်ပတ်နှစ်ကြိမ်နှင့် တာချီလိတ်မြို့တွင် ညဈေး တို့ကို ဖွင့်လှစ်ရောင်းချပေးမည်”

(ပြည်တွင်း) ဒီဇင်ဘာ ၁၃

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အခြေခံစားသုံးကုန်ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာနဲ့ ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနဲ့ မြဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းကာ ရောင်းချပေးလျက် ရှိပြီး အဆိုပါ ရောင်းချပေးခြင်းကို မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များမှာ တစ်ပတ်ကို နှစ်ကြိမ်နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုရောင်းချပေးရာမှာ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေနဲ့ အခြေခံစားသုံးကုန်ပစ္စည်းများကို လက်လီပေါက်ဈေးထက်ချိုသာသောနှုန်းထားနဲ့ ဝယ်ယူနိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိနှင့် တာဝန်ရှိဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့် ဒေသခံလုပ်ငန်းရှင်တို့ ပူးပေါင်းကာ ဆန်၊ ကြက်သား၊ အမဲသား၊ ဝက်သား၊ ဆိတ်သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို စုပေါင်းရောင်းချပေးခြင်းဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာ ‌နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့တွင်လည်း နှစ်နိုင်ငံ ခရီးသွားဧည့်သည်များ စည်ကားလျက် ရှိခြင်းကြောင့် ညစျေး (Night Market) ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

တာချီလိတ်မြို့ရှိ လမ်းဘေးဝဲယာ တစ်လျှောက် ပျံကျရောင်းချနေသော စျေးသည်များကို ညစျေးနေရာ သတ်မှတ်၍ ဈေးရောင်းချ စေမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါကြောင့် မြို့တော်သန့်ရှင်းလှပရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်စေရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်တဲ့အတွက် ယခုရက်ပိုင်းအတွင်း လိုက်လံသတိပေးနှိုးဆော်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

#PAN