စစ်ကိုင်းမြို့ ဆင်များရှင်ဘုရား အနောက်ဘက်မုဒ်အနီး ပေါက်ကွဲမှု ဖြစ်ပွား


(ပြည်တွင်း) ဒီဇင်ဘာ ၁၃

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ၊ ဆင်များရှင်ဘုရားအနောက်ဘက်မုဒ်အနီးတွင် ယနေ့ ဒီဇင်ဘာ ၁၃ ရက်၊ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ဆေခဲ့ရာ ပန်းဘဲတန်းရပ်ကွက်၊ တာရိုးကြီးလမ်းအတိုင်း တောင်မှမြောက်သို့ အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆင်များရှင်ဘုရားအနောက်ဘက်မုဒ်အနီး လမ်းဘေးတွင် လက်လုပ်မိုင်း ၁ လုံးအား ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆင်များရှင်ဘုရားမြောက်ဘက် ပေ ၁၀၀ ခန့်အကွာရှိ အ.မ.က(၇)၏ ၁ ထပ်ကျောင်းဆောင်၊ ရုံးခန်း ၁ ခန်း၊ စာသင်ခန်း ၅ ခန်းတို့ရှိ တံခါးပေါက်မှန် ၁၈ ချပ် ကွဲကြေပျက်စီးဆုံးရှုံးခဲ့ရပြီး လူသူထိခိုက်မှုမရှိခဲ့ကြောင်းသိရပြီး၊ ၎င်းအကြမ်းဖက် PDF များမှာ နေပူကုန်းရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ဟုသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN