အထည်ချုပ်စက်ရုံများမှာ Fully Automatic စက်များ သုံးစွဲမှုပိုများလာ


(စီးပွားရေး) ဒီဇင်ဘာ ၁၁

ပြည်တွင်းအထည်ချုပ်စက်ရုံတွေမှာ ကျွမ်းကျင်လုပ်သားရှားပါးတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် လုပ်သားအနည်းငယ်သာအသုံးပြုပြီး ထုတ်ကုန်များများထုတ်ပေးနိုင်တဲ့ နောက်ဆုံးပေါ် Fully Automatic စက်ပစ္စည်းတွေကို ပိုပြီးအသုံးပြုလာကြတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်ပနိုင်ငံတွေမှာ စီးပွားချဲ့ထွင်မှုတာတွေရှိတာကြောင့် လုပ်သားခေါ်ယူမှု များပြားနေပြီး ပြည်တွင်းက လုပ်သားတွေဟာ လစာပိုရတဲ့ ပြည်ပနိုင်ငံတွေနဲ့လုပ်ငန်းခွင်များသို့ ပြောင်းရွှေ့သွားရောက် လုပ်ကိုင်နေကြတဲ့အတွက် အခုလို ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းတွေမှာအသုံးပြုတဲ့ စက်ပစ္စည်းရဲ့ ထုတ်လုပ်တဲ့နိုင်ငံနဲ့ စက်ပစ္စည်းအမျိုးအစား ပေါ်မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကာ စက်ပစ္စည်းတစ်ခုကို အနည်းဆုံးအမေရိကန်ဒေါ်လာ တစ်သောင်းအထက်မှာ ရှိတယ်လို့ သိရပါတယ်။

လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ဖို့အတွက် စက်ရုံတွေကနေ အထည်ချုပ်လုပ်သားတွေကို ကျွမ်းကျင်သင်တန်း ပေးနေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်းမှာ ပြည်ပနိုင်ငံများထံမှ အထည်အမှာစာတွေ ရရှိမှုပိုလာနိုင်ဖွယ် ရှိတာကြောင့် စက်ပစ္စည်းအသုံးပြုမှုက အခုထက်ပိုလာနိုင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN