(ပြည်တွင်း) ဒီဇင်ဘာ ၁၁
မြန်မာ-တရုတ်၊ မြန်မာ-ယူနန်တို့ကြား ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်မည့် ဖိုရမ်တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဒီဇင်ဘာလ ၉ ရက် မွန်းလွဲပိုင်းမှာ ကူမင်းမြို့သို့ ရန်ကုန်လေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။
သတ္တမအကြိမ်မြောက် မြန်မာ-တရုတ် (ယူနန်)ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြားနှင့် မြန်မာ-ယူနန် နှစ်ဖက်ကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူများကြား အပြန်အလှန်ဖလှယ်မှု မြှင့်တင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်။
အဆိုပါဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံဘက်နှင့် ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရတို့ကြား အလှည့်ကျအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြပြီး ယခုနှစ် ဖိုရမ်သို့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့်အတူဝန်ကြီးဌာန ၁၂ ခုမှ ကိုယ်စားလှယ် ၁၅ ဦး ၊ UMFCCI မှကိုယ်စားလှယ်များလိုက်ပါသွားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews