(ပြည်တွင်း) ဒီဇင်ဘာ ၁၁
နေပြည်တော် ရေပန်းဥယျာဉ်ကို ပန်းပွဲတော်များ ကျင်းပဆောင်ရွက်နိုင်ရေး Royal Garden အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်ရေပန်းဥယျာဉ်အတွင်းရှိ ခေတ်မီကလေးကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ ကြိုးတံတားပြန်လည် ပြုပြင်ထိန်းသိမ်းခြင်း၊ Sky Garden တွင် ရှားပါးအပင်များ စိုက်ပျိုးထားရှိမှု၊ အလှပြငါးများနှင့် ရှားပါးတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ဥယျာဉ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေကြောင်း သိရပါတယ်။
ဒါ့အပြင် ရာသီအလိုက်ပွဲတော်များ၊ ပန်းပွဲတော်များကျင်းပဆောင်ရွက်နိုင်စေရေးကို လျာထားစီမံ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ နေပြည်တော်ရေပန်းဥယျာဉ်ကို မြို့တော်အဆင့်နှင့် လျော်ညီတဲ့ ခေတ်မီ ဥယျာဉ်ကြီးတစ်ခုအဖြစ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို နှစ်ရှည်လုပ်ကိုင်ခွင့်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews