(ပြည်တွင်း) ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသ လယ်ယာမြေ များအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးနိုင်ရန် ရေလွှဲဆည်ငယ် ၁၂ ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရပါတယ်။
အဆိုပါရေလွှဲဆည်ငယ်များ တည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေများကို အသုံးပြုကာ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုရေလွှဲဆည်ငယ် ၁၂ ခု တည်ဆောက်ပြီးစီးပါက ယင်းဒေသအတွင်းရှိ လယ်ယာမြေများအတွက် စိုက်ပျိုးရေများ ဖူလုံစွာရရှိစေရန် စနစ်တကျ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။
ဒါ့အပြင် ပန်ဆောင်ဒေသတွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်စေရန်အတွက် ရေနုတ်မြောင်းများကို နေရာ ၃၅ ခုတွင် တူးဖော်ပေးသွားမည်ဖြစ်ကာ ဘဏ္ဍာနှစ်အလိုက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုရေနုတ် မြောင်းများ တူးဖော်ပြီးစီးပါက မိုးရာသီတွင် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ကာ စပါးစိုက်ပျိုးမှုများ ပိုမိုဖြစ်ထွန်းအောင်မြင်လာနိုင်ကြောင်း သိရပါတယ်။
ယခုဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှကြီးမှူး၍ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနဲ့ နန်းယွန်းမြို့နယ်၊ ပန်ဆောင်ဒေသ၊ နောင်ယန်းအင်း အဝင်ရှိ နောင်ယန်းချောင်းကို သဲနုန်းတူးဖော်ခြင်းလုပ်ငန်းနှင့် ရေလွှဲဆည်ငယ်တစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများအပြင် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေနဲ့ ရေလွှဲဆည်ငယ်နှစ်ခု တည်ဆောက် ခြင်းကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews