(ပြည်တွင်း) ဒီဇင်ဘာ ၁၀
တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။
“ (တရုတ်က) ခေါ်လို့ မနေ့က ကျွန်တော်တို့ဌာနချုပ်ကနေသွားတာပါ။ (တရုတ်နဲ့) တစ်လ တစ်ကြိမ် ဒါမှမဟုတ် နှစ်လမှာ တစ်ကြိမ် တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။
တစ်ခါတလေ ဒုဥက္ကဋ္ဌဌ သွားတာမျိုးရှိတယ်။ အခုကတော့ ဥက္ကဋ္ဌ ကိုယ်တိုင်သွားတာပေါ့” KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက BBC ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအာရှရေးရာ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တစ်ဖွဲ့ချင်းအလိုက်၊ အစုအဖွဲ့အလိုက်၊ မြန်မာနိုင်ငံဘက်ကို လာရောက်ပြီးဖြစ်စေ၊ တရုတ်နိုင်ငံကို ခေါ်ယူ၍ဖြစ်စေ တွေ့ဆုံလေ့ရှိနေတာလည်း ဖြစ်ပါတယ်။
KIO ဥက္ကဋ္ဌ ယခုတစ်ခေါက် တရုတ်ခရီးစဉ်မှာ မည်သည့်ပုဂ္ဂိုလ်နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတာ အတိအကျ မသိရရှိပေမယ့် မြို့တော်ပေကျင်းအထိ ခေါ်ယူတွေ့ဆုံခြင်းဖြစ်တယ်လို့ သတင်းမီဒီယာအချို့မှာ ရေးသားဖော်ပြနေကြပါတယ်။
Telegram»…
https://t.me/positiveanglenews