(နိုင်ငံတကာ) ဒီဇင်ဘာ ၁၀
ဆီးရီးယားသူပုန်ခေါင်းဆောင် Abu Mohammed al-Jolani နဲ့ ဝန်ကြီးချုပ် Mohammed al-Jalali တို့ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
လူထုက ရွေးချယ်တဲ့ ဘယ်လိုခေါင်းဆောင်နဲ့မဆို ပူးပေါင်းဆောင်ရွက်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပေးဖို ဆန္ဒရှိကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအစည်းအဝေးကို ဆီးရီးယားအနောက်မြောက်ဒေသက ကယ်တင်ရေးအစိုးရခေါင်းဆောင် Mohammed bashir လည်း တက်ရောက်ခဲ့တယ်လို့ သိရပြီး၊ အာဆတ် ထွက်ပြေးသွားခဲ့ပြီးနောက်မှာ အစိုးရအဖွဲ့ဝန်ကြီးအများစုက အလုပ်လုပ်ဆောင်နေဆဲလို့လည်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပေမယ့် အစိုးရလည်ပတ်မှုယန္တယားကတော့ ရပ်တန့်သွားပြီလို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews