(ပြည်တွင်း) ဒီဇင်ဘာ ၁၀
ငြိမ်းချမ်းရေးသာ အဓိကလမ်းကြောင်းဖြစ်တာကြောင့် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးကိုသာ လိုလားတယ်လို့ “ဝ”တပ်ဖွဲ့က ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းစစ်တပ်နဲ့ “ဝ” တို့အကြား ဖြစ်ပွားခဲ့တဲ့ နယ်မြေအငြင်းပွားမှုအတွင်း “ဝ”တပ်စခန်းတွေကို လာမယ့် ဒီဇင်ဘာ ၁၈) ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ ဆိုတဲ့ ဖြစ်ရပ်အပေါ် ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
“ဝ” ဟာ ထိုင်းစစ်တပ်ရဲ့ ရန်သူမဟုတ်သလိုသို့ တိုက်ပွဲဖြစ်ပွားမယ့် စစ်ရေးသတင်းအမှားတွေကို မဟုတ်မမှန်လုပ်ကြံ ရေးသားတဲ့အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ သတင်းအမှားတွေကို သေချာစိစစ်ပြီးမှ ယုံကြည်ကြစေလိုကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
“ဝ” ဒေသ ၁၇၁ ဧရိယာအတွင်းက နယ်မြေ ၉ ခုကို ထိုင်းဘက်က ဖယ်ခိုင်းခဲ့တဲ့သတင်းမှာ မှန်ကန်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရချင်း ဆွေးနွေးရမယ့် ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပေးပို့ပေးထားပြီ ဖြစ်ကြောင်း၊ ထိုင်းစစ်တပ်ဘက်က မြေပြင်မှာ အင်အားတိုးချဲ့ထားပြီး “ဝ” တပ်ဘက်ကတော့ ပုံမှန်အခြေအနေသာ ရှိတယ်လို့ကို “ဝ”ဘက်က မီဒီယာတွေမှာ ပြောဆိုထားတာ တွေ့ရပါတယ်။
လက်ရှိအချိန်မှာ စစ်ရေးတင်းမာလာမယ့် သတင်းတွေကြောင့် မယ့်ဟောင်ဆန်၊ ဒွိုင်ဟာမာ၊ နောင်လျန်ဒေသ အခြေစိုက်ထားတဲ့ နှစ်ဖက်တပ်တွေအကြား ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး၊ နှစ်ဖက်တပ်ထိတွေ့ တိုက်ပွဲဖြစ်ပွားတဲ့အထိ အန္တရာယ်ရှိတဲ့ အခြေအနေ မဟုတ်ဘူးလို့လည်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း ပြောဆိုထားတာကို တွေ့ရပါတယ်။
Telegram»…
https://t.me/positiveanglenews