(ပြည်တွင်း) ဒီဇင်ဘာ ၉
အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ခွင့်ပြုထုတ်ပေးကာ ရောင်းချခွင့်ပြုသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း
လုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက် ရှိပါတယ်။
ထိုကဲ့သို့ ထုတ်ပေးရာမှာ ဇန်နဝါရီလ ၁ ရက်မှစတင်ပြီး e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များမှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ခွင့်ပြုထုတ်ပေးရာမှာ လက်ခံဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအမျိုးအစားများနှင့် Online Sales လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရာမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ Website စာမျက်နှာဖြစ်တဲ့ www.ecomreg.gov.mm မှာ အသိပေးကြေညာထားကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews