(မှုခင်း) ဒီဇင်ဘာ ၉
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ အုတ်စက်(၂)ကျေးရွာတွင် ယမန်နေ့ည ၉ နာရီအချိန်ခန့်က အရက်သေစာသောက်စားမူးယစ်နေသည့် ခင်ပွန်းဖြစ်သူမှ ဇနီးဖြစ်သူအား ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ဥတ္တရသီရိမြို့နယ်၊ အုတ်စက်(၂)ကျေးရွာနေသူ သက်နိုင်ဦး၊ ၃၆ နှစ်၊ (ဘ)ဦးတင်မိုးသည် အရက်သေစာသောက်စားပြီး ဇနီးဖြစ်သူ ဒေါ်ဖြူဝင်း၊ ၃၀ နှစ်၊ (ဘ)ဦးအောင်စီနှင့် စကားများရန်ဖြစ်ရာ သက်နိုင်ဦး မှ ဓားဦးချွန်ဖြင့် ထိုးခဲ့ရာ ဒေါ်ဖြူဝင်း တွင် ယာရင်ညွန့်အထက် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ ဒေါ်ဖြူဝင်း၏ အလောင်းအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး တရားခံသည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews