(အားကစား) ဒီဇင်ဘာ ၉
ပီအက်စ်ဂျီအသင်းက ချဲလ်ဆီးတိုက်စစ်ကစားသမား အန်ကူကူ ကို အသင်းတိုက်စစ်မှူး မူအာနီ နဲ့ အလဲအထပ် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရပါတယ်။
တိုက်စစ်မှူး မူအာနီ ဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဖရန့်ဖတ်အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ယူရို ၈၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
မူအာနီ အနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၁၃ ပွဲမှာ နှစ်ဂိုးသာသွင်းယူထားနိုင်တာကြောင့် ပီအက်စ်ဂျီအသင်းနည်းပြ အန်းနရစ် က မူအာနီ ကို လာမည့် ဇန်နဝါရီတွင် ရောင်းထုတ်ရန်စီစဉ်နေတာဖြစ်ပါတယ်။
ဒါကြောင့် ပီအက်စ်ဂျီအသင်းက မူအာနီ ကို ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမား အန်ကူကူ နဲ့ အလဲအထပ်ပြုလုပ်ရန် စီစဉ်လာခဲ့ခြင်းဖြစ်ပါတယ်။
#PAN