(ပြည်တွင်း) ဒီဇင်ဘာ ၉
ရွှေအရည်အသွေး ပြည့်မီရန်အတွက် ဓာတ်ခွဲခန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရရှိရန်ဆောင်ရွက်နေပြီး နိုင်ငံတကာမှအသိအမှတ်ပြု အဖွဲ့များလည်း လာရောက်စစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်နိုင်ငံတို့မှာရှိတဲ့ ကုမ္ပဏီများကသတ်မှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း မှန်ကန် ရမှာဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ မည်သည့်ချိန်ခွင်တွင်မဆို အလေးချိန်မှန်ကန်မှုရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ရွှေကို ကမ္ဘာ့ရွှေဈေးကွက်တွင်ပါ ရောင်းဝယ်နိုင်တဲ့ အရည်အသွေးပြည့်မီအောင် ဆောင်ရွက် သွားမှာဖြစ်ကြောင်းနှင့် လက်ရှိတွင် ကမ္ဘာ့ရွှေဈေး အနည်းငယ်တက်လာခဲ့လို့ ပြည်တွင်းရွှေဈေးကွက်မှာလည်း ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်အေးနေကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews