(မှုခင်း) ဒီဇင်ဘာ ၉
ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်းမှုဖြစ်ပွားရာသို့ ပူးပေါင်းမီးသတ်တပ်ဖွဲဝင်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်သတ်ရာ ညနေ ၅ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁၈)ရှိ ဒေါ်သန်းသန်းမူ၊ ၆၀ နှစ်၊ (ဘ)ဦးလှတင် ၏ နေအိမ်အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ တမံတလင်းခင်း(၂)ထပ်အိမ်မှတစ်ဆင့် ဝါယာလျှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး ဒေါ်သန်းသန်းမူ၏နေအိမ်အနောက်ဘက်ရှိ ဦးမျိုးသိန်း၊ ၅၆ နှစ်၊ (ဘ)ဦးကျော်တင့်၊ မစိန် ဆေးလိပ်လုပ်ငန်း လုပ်ကိုင်သူ၏ အလျား(၅၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၀)ပေ သွပ်မိုး၊ အုတ်ကာ၊ တမံတလင်းခင်း(၂)ထပ်တိုက် အိမ်သို့ မီးကူးစက်လောင်ကျွမ်းသွားခဲ့ပြီး စုစုပေါင်း (ပျက်စီးဆုံးရှုံးမှုတန်ဖိုး-၂၅၀၀၀၀၀)ကျပ်ခန့်နှင့် မီးဘေးသင့်ပြည်သူ ကျား ၆ ၊ မ ၁၆ ၊ ပေါင်း ၂၂ ဦးရှိပြီး၊ လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းသက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရပါသည်။
Telegram»…
https://t.me/positiveanglenews