(ပြည်တွင်း) ဒီဇင်ဘာ ၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ မြသီတာပန်းခြံမှာ မော်တော်ယာဉ်ဝင်/ထွက်ရပ်နားကောက်ခံတဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်လျက်ရှိပါတယ်။
အဆိုပါဝန်ဆောင်မှုလုပ်ငန်းကို မြသီတာပန်းခြံရှိ မြေဧရိယာ ၆,၁၇၇ ဒသမ ၆၄ စတုရန်းမီတာ(၁ ဒသမ ၅၁၆ ဧက)ပေါ်တွင် ဆောင်ရွက်ရမှာဖြစ်ကြောင်း သိရပါတယ်။
၎င်းလုပ်ငန်းကိုလည်းလာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ တစ်နှစ်သက်တမ်းနဲ့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ပြီး စိတ်ပါဝင်စား တဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များကို တင်ဒါတင်သွင်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။
တင်ဒါပုံစံနှင့်စည်းကမ်းချက်များကို လာမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၈ ရက်အထိ လမ်းမတော် မြို့နယ်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှာ ဝယ်ယူနိုင်ကြောင်းနှင့် တင်ဒါပုံစံတန်ဖိုးမှာ ကျပ် ၁၀၀,၀၀၀ ကျသင့်မှာဖြစ်ကြောင်း သိရပါတယ်။
တင်ဒါများကို လာမည့် ဒီဇင်ဘာလ ၂၀ ရက် နေ့လယ် ၂ နာရီ နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရမှာဖြစ်ပြီး အဆိုပါနေ့ရဲ့ နေ့လည် ၂ နာရီခွဲမှာ တင်ဒါဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews