နေပြည်တော်တွင် ပလပ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား


(မှုခင်း) ဒီဇင်ဘာ ၉

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ပလပ်စတစ်စက်ရုံတစ်ရုံတွင် ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် ညောင်ပင်ကြီးကျေးရွာရှိ ပလပ်စတစ်စက်ရုံသို့ ဗဟိုမီးသတ်စခန်း၊ ဥတ္တရခရိုင်/မြို့နယ်မီးသတ်စခန်း၊ ပျဉ်မနားမြို့နယ်မီးသတ်စခန်း၊ ရွာကောက်နယ်မြေ မီးသတ်စခန်း၊ ပုဗ္ဗနယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား(၈)စီးဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN