နေပြည်တော်တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီးအလောင်း တွေ့ရှိ


(မှုခင်း) ဒီဇင်ဘာ ၉

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ လဲဝန်းကျေးရွာ၏ အနောက်ဘက် (၇)မိုင်ခန့်အကွာ တောစပ်တွင် ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီ ၃၀ မိန်စအချိန်ခန့်က အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာ၌ သေဆုံးသူမှာ ဒေါ်နီနီဝင်း၊ အသက် ၅၈ နှစ်၊ (ဘ)ဦးမောင်ကို၊ လဲဝန်းကျေးရွာ၊ မိုးစွေအုပ်စု၊ ဥတ္တရသီရိမြို့နယ်နေသူသည် နေပြည်တော်-ချောက်နက်လမ်း မိုင်တိုင်အမှတ် (၃၂/၂)ဖာလုံနှင့် (၃၂/၃)ဖာလုံအကြား လမ်းဝဲဘက်ခြမ်းပေ(၂၀)ခန့်အနက်ရှိ ချောက်အတွင်း၌ ဝဲဘက်နို့အောက် ၁ လက်မခန့် ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်အလယ်တည့်တည့်တွင် (၁)လက်မခန့်ရှိ ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူသည် ၎င်း၏ နေအိမ်၌ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် ပတ်ဝန်းကျင်နေပြည်သူများမှ လိုက်လံရှာဖွေခဲ့ရာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ ပို့ဆောင်ထားရှိပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံအား ဖမ်ဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN