တောင်ကိုရီးယားရောက်မြန်မာလုပ်သားများ မိသားစုထံ ငွေလွှဲပို့ရန် POEA အသိပေး


(ပြည်တွင်း) ဒီဇင်ဘာ ၉

အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူ များအနေနဲ့ မိသားစုထံငွေလွှဲပို့ရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အသိပေးထုတ်ပြန်ထားပါတယ်။

လုပ်သားများအနေနဲ့ ၁ လလျှင် ၁ ကြိမ် လုပ်ခလစာ၏ ၂၅ % သို့မဟုတ် ၃ လ လျှင် ၁ ကြိမ်၊ ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိခင်နိုင်ငံရှိ မိသားစုထံ ငွေလွှဲပို့ရန် အသိပေးထားပါတယ်။

ဒါ့အပြင် ငွေလွှဲပို့ထားတဲ့ အထောက်အထားစာရွက်စာတမ်းကို viber – 09401993746 သို့ မိမိအမည်၊ passport no.၊ မြန်မာနိုင်ငံမှ စတင် ထွက်ခွာတဲ့ နေ့ရက်တို့ကိုပါပေးပို့ရန် အသိပေးထားပါတယ်။

တောင်ကိုရီးယားနိုင်ငံသို့ POEA မှ အလုပ်သမားများကို တရားဝင်စေလွှတ်နေခြင်းဖြစ်ပြီး လစဥ်အလုပ်သမား ထောင်နှင့်ချီထွက်ခွာနေကာ လက်ရှိအချိန်ထိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN