(အားကစား) ဒီဇင်ဘာ ၉
မန်ယူအသင်းက စပါးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆွန်ဟောင်မင် ကို အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်ဖို့ပစ်မှတ်ထားလျက်ရှိနေပါတယ်။
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင် နဲ့ စပါးအသင်းတို့စာချုပ်ဟာ လာမယ့်ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် စပါးအသင်းက တရားဝင်ကမ်းလှမ်းမှုတွေ မရှိသေးပါဘူး။
ဒါကြောင့် ဆွန်ဟောင်မင် ဟာ စပါးအသင်းနဲ့ အနာဂတ်မရေရာမသေချာ ဖြစ်နေပါတယ်။
မန်ယူအသင်းကလည်း ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် လာမယ့် လူဝယ်ရာသီမှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်ရန် မသေချာတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
စပါးအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ရှိနေတဲ့ ဆွန်ဟောင်မင် ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။