ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ် နိုင်ငံမှ ထွက်ပြေး


(နိုင်ငံတကာ) ဒီဇင်ဘာ ၉

ဆီးရီးယားနိုင်ငံသမ္မတ ဘာရှာအယ် အာဆတ်က ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် နိုင်ငံမှထွက်ပြေး သွားပြီဖြစ်ပြီး ကျန်ရှိနေသော ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကိုဆက်လက် ဦးဆောင်ကာ လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာဆတ်မိသားစုသည် ဆီးရီးယားကို နှစ်ပေါင်း ၅၀ ကြာ အုပ်စိုးခဲ့ပြီး ဘာရှာအယ် အာဆတ်ကိုယ်တိုင် ဆီးရီးယားနိုင်ငံကို ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။

ယခု အခါ အာဆတ်အနေဖြင့် နိုင်ငံမှထွက်ပြေးသွားပြီဖြစ်သည့်အတွက် ၎င်းတို့၏အုပ်စိုးမှုက အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ဆီးရီးယားပြည်သူများက ပြောသည်။

ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်သူပုန်များက နိုင်ငံအနောက် မြောက်ပိုင်းမှနေ၍ ဆီးရီးယားအစိုးရအုပ်ချုပ်နေသော မြို့များကို ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ကာ ၁၁ ရက်ကြာ ဒီဇင်ဘာလ ၈ ရက်နံနက်ပိုင်းတွင် ဒမတ်စကပ်မြို့တော်အထိ ရောက်ရှိသိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းအတွင်း အာဆတ်၏တိုက်ခိုက်ရေးမဟာမိတ်အင်အားစုတစ်ခုဖြစ်သော လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့မှ ခေါင်းဆောင်များကို အစ္စရေးက ချေမှုန်းနိုင်ပြီးနောက် အရှေ့အလယ်ပိုင်းတွင် အင်အားညီမျှ မှု မရှိတော့စဉ် အာဆတ်အနေဖြင့် နိုင်ငံမှ ထွက်ပြေးရသည်အထိ ဖြစ်ပွားလာခြင်း ဖြစ်သည်။

Flightradar website ၏ဖော်ပြချက်အရ အာဆတ်လိုက်ပါသွားဖွယ်ရှိသော လေယာဉ်တစ်စင်းသည် ဒမတ်စကပ်မြို့သို့ သူပုန်များ ဝင်ရောက်ချိန်တွင် လေဆိပ်မှထွက်ခွာပြီး အာဆတ်၏ခြေကုပ်နေရာဖြစ်သော ကမ်းရိုးတန်းဒေသသို့ သွားသော် လည်း ရုတ်တရက်နောက်ကြောင်း ပြန်လှည့်ကာ မိနစ်အနည်းငယ်အကြာတွင် လေယာဉ်မှာ မြေပုံပေါ်မှ ပျောက် သွားသည်ဟု သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ သမ္မတအာဆတ်နှင့်မိသားစုသည် ရုရှားနိုင်ငံ၊ မော်စကို မြို့သို့ရောက်ရှိပြီး ရုရှားနိုင်ငံက လူသားချင်းစာနာထောက်ထားမှုအရ ခိုလှုံခွင့်ပေးထားကြောင်း သတင်းများက ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN