ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်ရှေ့တွင် ​မော်တော်ယာဥ်တစ်စီးပေါ်မှ ပေါက်ကွဲမှုဖြစ်ပွား


(မှုခင်း) ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ၈၄ လမ်း၊ ၄၅×၄၆ လမ်းကြားရှိ သာသနာ ၂၅၀၀ ဗိမာန်ရှေ့တွင် ​မော်တော်ယာဥ်တစ်စီးပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ညနေ ၆ နာရီကျော်အချိန်ခန့်က ကိုအောင်ထွန်းကျော်၊ ၅၀ နှစ်၊ (ဘ)ဦးကျော်ဇင်၊ ၈၀×၄၂ လမ်းထောင့်၊ အကွက်(၈၃၈)၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊မဟာအောင်မြေမြို့နယ်နေသူသည် Suzuki swift အနီရောင်ယာဥ်အား ကားရှေ့ မှန်တံခါးဖွင့်ထားပြီး ၈၄ လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် သာသနာ ၂၅၀၀ ဗိမာန်ရှေ့ တောင်ဘက်တံခါး၀‌အရောက်တွင် ဘေးမှယှဉ်၍ CZI အမျိုးအစားဆိုင်ကယ်အား အမျိုးသား ၂ ဦးမှ စီးနင်းမောင်းနှင်လာကာ နောက်ထိုင်လိုက်ပါသူ အမျိုးသားမှ ကိုအောင်ထွန်းကျော် မောင်းနှင်လာသည့် ကားရှေ့ခန်းအတွင်းသို့ လက်လုပ်မိုင်းအား ပစ်ပေါက်ခဲ့ပြီး ၈၄ လမ်းအတိုင်း မြောက်ဘက်သို့ ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုအောင်ထွန်းကျော်တွင် ဝဲ/ယာခြေထောက်နှစ်ဖက် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် Suzuki swift အနီရောင် ကားရှေ့ခန်း၊ အောက်ကြမ်းပြင်ပေါက်ပြဲ၊ ရှေ့မှန်အက်ကွဲခဲ့ကာ ပျက်ဆီး​ ဆုံးရှုံးခဲ့ကြောင်း၊ ကားအတွင်းမှ လက်လုပ်မိုင်း အပိုင်းအစ သံဘောစိနှင့်သံပြားအပိုင်းအစများအား တွေ့ရှိသိမ်းဆည်းခဲ့ပြီး လက်လုပ်မိုင်း ပစ်ပေါက်သွားသူများအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ မြို့နယ်များအလိုက် ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN