ပဲခူးတိုင်း(အနောက်ပိုင်း)အတွင် “သူလျှို၊ သတင်းပေး၊ ဒလန်”ခေါင်းစဉ်တပ်၍ အပြစ်မဲ့ပြည်သူ ၅ ဦးထပ်မံသတ်ဖြတ်ခံရ


(ပြည်တွင်း) ဒီဇင်ဘာ ၈

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ် အစွန်း ရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ နွယ်ကောက်အုပ်စုတွင် ယနေ့နံနက် ၄ နာရီအချိန်ခန့်က ဦးအေးထွန်း၊ အသက် ၄၀ နှစ်အား အကြမ်းဖက် PDF မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

အလားတူ အုတ်ဖိုမြို့နယ်၊ ချောင်းဂွဂျီအုပ်စု၊ သဲကုန်းလေးရွာ ခမရ ၆ လမ်းပေါ်တွင်လည်း ယမန့်နေ့နံနက်က အပြစ်မဲ့ပြည်သူ ၄ ဦးအား အကြမ်းဖက် PDF မှ အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ပြီး၊ ဒီဇင်ဘာ ၆ ရက်နေ့ည ၈ နာရီကျော်အချိန်ခန့်တွင်လည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးအုပ်စု၊ အေးရွာလေးရွာ၊ ရာအိမ်မှူး ဦးစိုးနိုင် အား အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိစစ်တမ်းများအရ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပြီး၊ ဗုံးဖောက်ခွဲမှပေါင်း ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

Webpage>>…
https://positiveanglenews.com/2024/12/08/တရားမဝင်-စားသောက်ကုန်ပ-7/

VK Link>>…
https://vk.com/wall-220066330_9641

Telegram»…
https://t.me/positiveanglenews

PAN