စမ်းချောင်းမြို့နယ်တွင် လူနေအိမ်တိုက်ခန်းမီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး


(ပြည်တွင်း)ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ယနေ့နံနက်၃နာရီကျော်အချိန်ခန့်က လူနေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ရှင်အမျိုးသားတစ်ဦး မီးလောင် သေဆုံးသွားကြောင်း သိရသည်။
 
မီးလောင်သည့်နေရာသို့ အနောက်ပိုင်းခရိုင်မီးသတ်စခန်း၊ အလုံမြို့နယ်မီးသတ်စန်း၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်အုပ်စုများနှင့်အတူ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ မီးလောင်မှုကြောင့် အသက် ၃၀ ဝန်းကျင်ရှိအမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း၊ မီးလောင်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးဆောင်ရွက်နေကြောင်း မီးသတ်တာဝန်ရှိသူထံမှ သိရသည်။

#PAN