(နိုင်ငံတကာ) ဒီဇင်ဘာ ၆
နယူးယောက် ရဲတပ်ဖွဲ့သည် UnitedHealthcare ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Brian Thompson အသတ်ခံရမှုနှင့် ပတ်သက်၍ လူတစ်ဦး၏ ဓာတ်ပုံနှစ်ပုံကို ထုတ်ဖော်ပြသခဲ့သည်။
အသက် ၅၀ နှစ်အရွယ် Thompson သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Manhattan ရှိ Hilton ဟိုတယ်အပြင်ဘက်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
သတ်ဖြတ်သူသည် မည်သည့် ပစ္စည်းတစ်စုံတစ်ရာမျှ ယူဆောင်မသွားပဲ ထွက်ပြေးသွားခဲ့ခြင်းကြောင့် ကြိုတင်ကြံစည်သည့် သတ်ဖြတ်မှုဟု နယူးယောက်ရဲတပ်ဖွဲ့မှ ယုံကြည်ထားကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ အဆိုအရ သံသယရှိသူသည် သေနတ်တွင် အသံတိတ်ကိရိယာတပ်ဆင်ကာ ပစ်ခတ်သွားခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပြီး အသုံးပြုသည့်လက်နက်မှ BT Station Six 9 အမျိုးအစားသေနတ်ဖြစ်နိုင်ကြောင်းသိရသည်။
နယူးယောက်ရဲတပ်ဖွဲ့သည် အဆိုပါ ဓာတ်ပုံအား ထုတ်ပြန်ခဲ့သော်လည်း သံသယတရားခံနှင့်ပတ်သက်သည့်အချက်အလက်များ ထုတ်ပြန်ထားခြင်းမရှိကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews