(ပြည်တွင်း) ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သာယာအေးကျေးရွာ၊ ရွာလယ်လမ်းတွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် မြစ်ငယ်မြို့(အောင်မင်္ဂလာရပ်ကွက်၊ရာအိမ်မှူး)အား အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှသတ်ဖြတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် မြစ်ငယ်၊ မြို့မအုပ်စုအုပ်ချုပ်ရေးမှူး ၏ သမီးဖြစ်သူ (၁၀)တန်းကျောင်းသူ တက်ရောက်နေသည့် ကျူရှင်သို့လာရောက်ကြိုသည့် ဦးမောင်ဇော်(ခ) ဦးဇော်သူရထွန်း၊ ၃၆ နှစ်၊(ဘ)ဦးကိုဦး၊ အောင်မင်္ဂလာရပ်ကွက်၊ မြစ်ငယ်မြို့(အောင်မင်္ဂလာရပ်ကွက်၊ရာအိမ်မှူး)အား အမရပူရမြို့နယ်၊ သာယာအေးကျေးရွာ၊ ရွာလယ်လမ်း၊ ဒေါ်သန္တာလင်းအိမ်ရှေ့အရောက်တွင် အရှေ့မှအနောက်သို့ မောင်းနှင်လာသော CZI-125 အမျိုးအစား၊ နက်ပြာရောင် ဆိုင်ကယ်ပေါ် မှ နောက်ထိုင် လိုက်ပါလာသည့် အင်္ကျီအဖြူကွက်(အရောင်ဖျော့)၊ အမဲရောင်လွယ်အိတ်လွယ်ထားသော မျက်နှာပါး၊ မျက်လုံးပြူး၊ နဖူးကျယ်၊ ဆံပင်တို၊ ပုဆိုးဝတ်ဆင်ထားသူ အမည်မသိ အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသားမှ ငွေရောင်ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးမောင်ဇော်(ခ)ဦးဇော်သူရထွန်း ၏ ယာဘက်နံကြားအားကျဉ်ထိမှန်သော ဒါဏ်ရာကြောင့်သေဆုံးခဲ့ရပြီး အကြမ်းဖက် PDF အဖွဲ့ဝင် ၂ ဦးမှာ ရွာအနောက်ဖက် သရက်တန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်သွားခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှ NRC 9MM LUGER အမျိုးအစား ကြေးရောင်ကျည်ခွံ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိသည်။
Telegram»…
https://t.me/positiveanglenews