(ပြည်တွင်း) ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့်စစ်ကြောင်းသည် ရေစကြိုမြို့၏ အနောက်တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ကံသစ်ရွာအနီးတွင် ယမန်နေ့က အကြမ်းဖက် ၁၅ ဦးနှင့် ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်များ တောင်အရပ်သို့ ထွက်ပြေးသွားခဲ့ပြီး၊ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်များထံမှ လုပ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ Keypad ဖုန်း ၇ လုံး၊ မိုင်းခွဲ Remote ၁ ခု၊ ယမ်းထုပ် ၃ ထုပ်၊ ယမ်းကြိုး(စနက်ကြိုး) ၅ ပေ၊ မိုင်းခွဲကတ် ၂၃ ခု၊ ဝါယာကြိုး ၁၅၀ ပေ၊ ဗိုတိုင်းကိရိယာ ၁၁ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews