ရေစကြိုမြို့နယ်မှာ တပ်မတော်နဲ့ အကြမ်းဖက် PDF အဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားတွေဆီက ကားနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ တပ်မတော်နဲ့ အကြမ်းဖက် PDF အဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သလို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၉ နာရီခန့်က ရေစကြိုမြိုနယ်၊ ပခန်းကြီးအုပ်စု၊ ရွာသာကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက် PDF တို့အကြား ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အပြန်အအလှန်ပစ်ခတ်မှုတွေ အချိန်အတော်ကြာ ရှိခဲ့ကြတာြဖစ်ပြီး တပ်မတော်စစ်ကြောင်းက ခုခံ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သားတွေမှာ ဒဏ်ရာတွေနဲ့ ရွာသာကျေးရွာရဲ့ အရှေ့ဘက်ကို ထွက်ပြေးသွားကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပစ်ခတ်မှုတွေ ပြီးဆုံးချိန်မှာ အကြမ်းဖက်သမားတွေ စီးနင်းလာသော ကား(၁) စီးနဲ့ လက်နက် ခဲယမ်းများတွေကို တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ယမန်နေ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ရေစကြိုမြို့နယ် ထန်းဆယ်ပင်ရွာနဲ့ ကံသစ်ကျေးရွာတို့က အကြမ်းဖက်တွေကို တပ်မတော်စစ်ကြောင်းက လုံခြုံရေးအရ သွားရောက်ဆောင်ရွက် ရာမှာ အကြမ်းဖက်သာမးတွေ ထွက်ပြေးသွားခဲ့ရပြီး ယင်းထိတွေ့မှုဖြစ်စဉ်မှ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ Keypad ဖုန်း ၇ လုံး၊ ရီမု ၁ ခု၊ ယမ်းထုပ် ၃ ထုပ်၊ ယမ်းကြိုးခွေ ၅ ပေ၊ မိုင်းခွဲ ရီမုကဒ် ၁၅ ခု၊ မိုင်းခွဲကပ်သီး ၈ ခု၊ ဝါယာကြိုး ၁၅၀ ပေ၊ ဘတ္တရီအားတိုင်းကိရိယာ ၁ ခု တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN