ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် စတင် အသက်ဝင်


(နိုင်ငံတကာ) ဒီဇင်ဘာ ၆

ရုရှားနိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်သည် ဒီဇင်ဘာလ ၄ ရက်တွင် စတင်အသက်ဝင်လာခဲ့ကြောင်း မြောက်ကိုရီးယား အာဏာရပါတီ ရိုဒုန်ဆန်မန် သတင်းစာ တွင် ဖော်ပြခဲ့ကြောင်း ဒီဇင်ဘာလ ၅ ရက်တွင် NHK သတင်းဌာနက ဖော်ပြခဲ့သည်။

နှစ်ဖက်အကြား စာချုပ်ပါ သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့သည်။ ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ယခုချုပ်ဆိုခဲ့သည့် စာချုပ်သည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံချက် ပေးနိုင်သည့် လုံခြုံရေးဆိုင်ရာ ယန္တရားဖြစ်ကြောင်း ရိုဒုန်ဆန်မန်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင် ဇွန်လအတွင်း ပြုံယမ်းသို့အလည်အပတ်ရောက်ရှိစဉ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ကြား ယင်းစာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

စာချုပ်ပါ ပြဋ္ဌာန်းချက်အရ ရုရှားနိုင်ငံနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မည်သည့်နိုင်ငံတွင် မဆို ကျူးကျော်တိုက်ခိုက်ခံရ၍ စစ်မက်ဖြစ်ပွားပါက စစ်မက်ဖြစ်ပွားသည့်နိုင်ငံကို ကျန်နိုင်ငံက စစ်ရေးအကူအညီ ချက်ချင်းပေးရန် သတ်မှတ်ထားသည်ဟု NHK သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN