မြန်မာ-တရုတ် နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်ရန် မြန်မာ-တရုတ် ကြိုးပန်း


(ပြည်တွင်း) ဒီဇင်ဘာ ၆

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားတယ်လို့ နိုဝင်ဘာလ ၈ ရက်က ထုတ် နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။

အဆိုပါကော်မတီကို အောက်တိုဘာ ၂၂ ရက်တွင် ဖွဲ့စည်းထားခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မတီဥက္ကဋ္ဌအဖြစ် ဦးဆောင်ထားကာ ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားပြုအဖွဲ့ဝင် များအပါအဝင် စုစုပေါင်း ၁၄ ဦးတို့ဖြင့် ဖွဲ့စည်းထားပါတယ်။

ယခုဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီရဲ့ တာဝန်များမှာ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးနိုင် ခြင်းရှိမရှိ စိစစ်ခြင်း၊ နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းဖွယ်ရှိမရှိ စိစစ်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး နှင့်လူမှုရေးကို ထိခိုက်စေနိုင်သည့် အချက်များပါဝင်ခြင်း ရှိမရှိ စိစစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များနှင့် ဆန့်ကျင်မှုရှိမရှိ စိစစ်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးနှင့် အထောက်အကူ ပြုမယ့် အချက်များ ပါဝင်မှုရှိမရှိ စိစစ်ခြင်းတို့ ပါဝင်ပါတယ်။

ကုမ္ပဏီတည်ထောင်ပြီးပါက နားလည်မှုစာချွန်လွှာရပ်စဲမယ့်ကာလတွင် ကုမ္ပဏီကိုပါ ဖျက်သိမ်းနိုင်မယ့် အစီအမံသုံးသပ်ဖြည့်စွက်ရန် လိုမလို စိစစ်ခြင်း၊ ပြည်ပမှ တင်သွင်းလာမယ့် လက်နက်များ၊ အထူးကိရိယာ တန်ဆာ ပလာများ (ဆက်သွယ်ရေးစက်များအပါဝင်အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့်ပတ်သက်လို့ တင်သွင်းခွင့်ပြု မယ့်ပုံစံ၊ ထိန်းချုပ်သုံးစွဲစေမယ့်ပုံစံများကို ဖြည့်စွက်ရန်လိုမလို စိစစ်ခြင်း၊ ကုမ္ပဏီတည်ထောင်ပြီးပါက နည်းပညာ ဆိုင်ရာကိစ္စရပ်များအပါအဝင် နိုင်ငံ၏တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက် ကျူးလွန်ပါက အရေးယူဆောင်ရွက်မယ့် အစီအမံများဖြည့်စွက်ရန် လိုမလို စိစစ်ခြင်း၊ လုံခြုံရေးနှင့် ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် စည်းကမ်းချက်များကို လိုက်နာရန် ဆိုသည့်အချက် ထည့်သွင်းရန် သင့်မသင့်နှင့် ယခင်နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်၄၁/၂၀၁၈eJh ထုတ်ပြန်ထားသော “သဘောတူစာချုပ်များ ချုပ်ဆိုရာတွင် လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်” နှင့် ညီညွတ်မှုရှိမရှိ စိစစ်ခြင်း စတဲ့ တာဝန်များ ပါဝင်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN