(အားကစား) ဒီဇင်ဘာ ၆
ဒီဇင်ဘာလ ၉ ရက် ည ၇ နာရီမှာ ယှဉ်ပြိုင်ကစားမယ့် AFF Mitsubishi Electric Cup 2024 Group (B) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အိမ်ရှင်မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်အတွက် ပွဲကြိုလက်မှတ်များကိုတော့ ယနေ့ ဒီဇင်ဘာလ ၆ မှ စတင်တာ ရောင်းချပေးမှာ ဖြစ်ပါတယ်။
အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup 2024 အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်းဟာ အင်ဒိုနီးရှားအသင်းကို အိမ်ကွင်းသုဝဏ္ဏကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု (B) မှာ အင်ဒိုနီရှား၊ ဗီယက်နမ်၊ လာအို၊ မလေးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
အဆိုပါပွဲကြိုလက်မှတ်များကို ဒီဇင်ဘာလ ၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၊ ဝေဇယန္တာ လမ်းမကြီး၊ သု၀ဏ္ဏကွင်းရှေ့မှာ နံနက် ၁၀ နာရီမှ၊ ညနေ ၄ နာရီအတွင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
ပွဲစဉ်နေ့မှာတော့ သု၀ဏ္ဏကွင်းတွင်အထူးတန်း လက်မှတ်များကို ဂိတ် (၂) နဲ့ ရိုးရိုးတန်း လက်မှတ်များကို ဂိတ် (၈) တို့မှာ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်မှတ်ခဈေးနှုန်းများကတော့ အထူးတန်း ၅,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ပရိသတ်များပွဲပြီးအပြန် အဆင်ပြေစေရေးအတွက် နီးစပ်ရာနေရာများသို့ ရောက်ရှိနိုင်ရန် Bus ကားများ အခမဲ့စီစဉ်ပေးထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews