(အားကစား) ဒီဇင်ဘာ ၆
ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီဂျောင် ကို လာမယ့် ဇန်နဝါရီဈေးကွက်မှာ ပြောင်းရွှေကြေး ယူရိုသန်း ၂၀ နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဒီဂျောင် ဟာ ၂၀၁၉ ခုနှစ်မှာ အေဂျက်စ် အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ အသင်းရဲ့ အဓိကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းများနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီဂျောင် ကို မြင့်မားတဲ့ လစာငွေပေးချေနေရတဲ့အတွက် လာမယ့်အပြောင်းအရွှေ့ ကာလမှ သက်သာတဲ့ပြောင်းရွှေ့နဲ့ ရောင်းချ နိုင်ရန် စီစဉ်နေတာ ဖြစ်ပါတယ်။
လက်ရှိ ဘာစီလိုနာအသင်းနှင့် ဒီဂျောင် တို့ စာချုပ်ဟာ လာမယ့် ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဘာစီလိုနာအသင်းက ဒီဂျောင် ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ် ချင်တာကြောင့် လာမယ့် ဇန်နဝါရီလမှာ ရောင်းချဖို့စီစဉ်နေတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews