(ပြည်တွင်း) ဒီဇင်ဘာ ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Sholban Kara-Ool သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy (NSA) မှ ကျောင်းသား ကျောင်းသူများအား “Russia and friendly countries in multipolar world” ခေါင်းစဉ် ဖြင့် သင်ခန်းစာပို့ခဲ့ကြောင်း သိရသည်။
အဆိုပါသင်ခန်းစာပို့ချမှုသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်နှင့် ဒေါက်တာစိုးစိုးအောင်၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌက နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားကိုဖော်ဆောင်၍ နိုင်ငံ၏အကျိုးစီးပွားကို မြှင့်တင်ရေး၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံနှစ်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးတိုးတက်စေရန် နှစ်နိုင်ငံအကြား မဟာဗျူဟာကြသည့် စီမံကိန်းများကို အကောင်အထည်ဖော်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန် ရုရှားနိုင်ငံရှိ တက္ကသိုလ်ကျောင်းများတွင် ဘွဲလွန်သင်တန်းများ၊ ဘာသာစကားသင်တန်းများ တက်ရောက်နိုင်ရေး၊ ရုရှားနိုင်ငံမှ ကျောင်းသား ကျောင်းသူများကိုလည်း မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းများသို နှစ်နိုင်ငံအပြန်အလှန် ပညာတော်သင်များ စေလွှတ်နိုင်ရေးတိုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး “Russia and friendly countries in multipolar world” ခေါင်းစဉ်ဖြင့် သင်ခန်းစာပို့ချရာ တက်ရောက်ကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews