နယ်သာလန်အစိုးရ က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းရန် စဉ်းစားနေ


(နိုင်ငံတကာ) ဒီဇင်ဘာ ၅

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန က ပြည်သူ့ စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းရန် စဉ်းစားနေကြောင်း RTL သတင်းဌာနက ဖော်ပြထားသည်။

ကမ္ဘာ့ လုံခြုံရေးအခြေအနေများ ပျက်ယွင်းနေသောကြောင့် လာမည့်ငါးနှစ်မှ ၁၀ နှစ်အတွင်း နယ်သာလန်နိုင်ငံအနေဖြင့် ပဋိပက္ခတွင် ပါဝင်လာနိုင်သောကြောင့် စစ်မှုထမ်းဥပဒေကို ပြန်လည် အသက်သွင်းရန် စဉ်းစားရခြင်းဖြစ်သည်ဟု RTL သတင်းဌာနမှ ဆက်လက်ဖော်ပြထားသည်။

ယခုပြန်လည်အသက်သွင်းမည့်ပြည်သူ့စစ်မှုထမ်းဥပဒေသည် အချိန်ကာလအားဖြင့် ရှည်ကြာပြီး လုပ်ငန်း စဉ် ရှုပ်ထွေးမှုရှိမည်ဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းရှိ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် NATO တပ်ဖွဲ့ဝင်နိုင်ငံ များက အလားတူဥပဒေကို ပြဋ္ဌာန်းသည်နှင့်တစ်ပြိုင်နက် နယ်သာလန်နိုင်ငံကလည်း လိုက်ပါပြဋ္ဌာန်းမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

လက်ရှိတွင် ဂျာမနီ၊ ပြင်သစ်နှင့်ပိုလန်တို့က ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြန်လည်အသက်သွင်းရန် စဉ်းစားလျက်ရှိကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN