(ပြည်တွင်း) ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၆×၁၃၃ လမ်းထောင့်ရှိ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအား အကြမ်းဖက် PDF အဖွဲ့မှ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။
ယနေ့ညနေ ၆ နာရီ ၂၅ မိနစ်အချိန်ခန့်က (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံး ရှေ့လမ်းအတိုင်း အနောက်မှအရှေ့သို့ CZI အမျိုးအစား အနက်ရောင်ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသား ၂ ဦး ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှထိုင်လိုက်လာသည့် အမျိုးသားမှ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအား ကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ရုံးရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews