(ပြည်တွင်း) ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု၊ ရွာလှကျေးရွာရှိ အုပ်ချုပ်ရေးမှုးနှင့် သားဖြစ်သူတို့ ၂ ဦးအား ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဆင်လူးအုပ်စု၊ ရွာလှကျေးရွာနေ အုပ်ချုပ်ရေးမှုး ဉီးခင်ထွဋ်၊ အသက် ၆၂ နှစ်၊ (ဘ)ဉီးထွန်းကြည်၊ သားဖြစ်သူ အောင်ဇော်ထွဋ်၊ ၃၀ နှစ်၊ (ဘ)ဉီးခင်ထွဋ်၊ ကောက်ရိတ်စက်မောင်းနှင်သူတို့သည် နေအိမ်အတွင်းအတူရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဉီးခန့်မှ ခြေလျင်ရောက်ရှိလာပြီး နေအိမ်ပတ်လည်အား ဝိုင်း၍ သေနတ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် အချက် ၁၅ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်ခဲ့မှုကြောင့် ဉီးခင်ထွဋ်တွင် ဉီးခေါင်းပွင့်ထွက်ဒဏ်ရာ(ဉီးနှောက်ထွက်)၊ သားဖြစ်သူ အောင်ဇော်ထွဋ်တွင် လည်ပင်းပြတ်ရှ၊ လက်မောင်းပြတ်ရှ၊ မျက်နှာပွင့်ထွက်ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရပြီး၊ အကြမ်းဖက်သမားများသည် ရွာလှကျေးရွာ၏ အရှေ့မြောက်ဖက်ဒေါင်းယက်ချောင်း ရေပြာဆည်ဘောင်ဘက်သို့ ထွက်ခွာသွားခဲ့ရာ ၎င်းတို့ထွက်ခွာရာနာက်သို့ သက်ဆိုင်ရာ တာဝန်ရှိလုံခြုံရေးအဖွဲ့များမှ လိုက်လံပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews