တောင်ကိုရီယားသမ္မတအား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းကို အတိုက်ခံများတင်သွင်း


(နိုင်ငံတကာ) ဒီဇင်ဘာ ၄

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol အား စွပ်စွဲပြစ်တင်သည့် ဥပဒေကြမ်းတစ်ရပ်ကို အတိုက်ခံပါတီများကတင်သွင်းခဲ့ကြောင်းသိရသည်။

အဆိုပါဥပဒေကြမ်းအား ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် အမျိုးသားလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။

သမ္မတ၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီ ၆ ပါတီမှ ခဏတာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးနီးပါး ကျယ်ကျယ်ပြန့်ပြန့်ဆန့်ကျင် ကန့်ကွက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ပူတွဲစွပ်စွဲပြစ်တင်ရန် အဆိုတင်သွင်းရန်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်းအား လာမည့် ကြာသပတေးနေ့တွင် အစီရင်ခံတင်ပြပြီး သောကြာသို့မဟုတ် စနေနေ့တွင် မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယားဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မှုအောင်မြင်ရန် လွှတ်တော်အမတ် အများစု၏ သုံးပုံ နှစ်ပုံ ထောက်ခံရန်လိုအပ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN