စစ်အုပ်ချုပ်ရေးကြေညာစဉ် လွှတ်တော်အတွင်း ဝင်ရောက်ခဲ့သည့် တောင်ကိုးရီးယားစစ်တပ် တာဝန်ယူရမည်ဟုဆို


(နိုင်ငံတကာ) ဒီဇင်ဘာ ၄

တောင်ကိုးရီးယားသမ္မတ စစ်အုပ်ချုပ်ရေးကြေညာချိန် အမျိုးသားလွှတ်တော်အတွင်းဝင်ရောက်ခဲ့သော တောင်ကိုးရီးယားစစ်တပ်က တာဝန်ယူရမည်ဟု လွှတ်တော်အတွင်းရေးမှူးချုပ်ကဆိုသည်။

“ဒီနေ့ကစပြီး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့စတာတွေကို လွှတ်တော်ထဲ လုံးဝ ဝင်ခွင့်မပြုဘူး”ဟု အတွင်းရေးမှူးချုပ် ကင်မင်ကီကဆိုသည်။

သမ္မတယွန်၏ အမိန့်အတိုင်း လွှတ်တော်အတွင်းဝင်ရောက်လာသော စစ်အုပ်ချုပ်ရေးတပ်များသည် ဖြစ်စဉ်အချို့ကို ကျူးလွန်ခဲ့ပြီး မကြာမှီ CCTV မှတ်တမ်းများ ထုတ်ဖော်သွားမည်ဟုဆိုသည်။

စစ်အုပ်ချုပ်ရေးရုတ်သိမ်းရန် လွှတ်တော်မဲခွဲခြင်းမပြုမှီကာလအတွင်း အမျိုးသားလွှတ်တော်အတွင်းသို့ တောင်ကိုးရီးယားစစ်တပ်မှ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သည် ရဟတ်ယာဉ်များဖြင့် အနည်းဆုံး ၂၄ ကြိမ်အထိ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

တောင်ကိုးရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုသည် ၂ နာရီအကြာတွင် လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ရုတ်သိမ်းခဲ့ရကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN