(ပြည်တွင်း) ဒီဇင်ဘာ ၃
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် တာဝန်တိုးပေးခဲ့သည်ဟု ထုတ်ပြန်ကြေငြာချက်အရ သိရှိရသည်။
အဆိုပါ တာဝန်တိုးပေးခြင်းခံရသူများမှာ DKBA ကလို့ထူးဘော ဗဟိုစစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောရွှေဝကို ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ဒုတိယစစ်ဦးစီးချုပ်တာဝန် ထမ်းဆောင်ရန် DKBA ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေး (၃/၂၀၂၄) ဆုံးဖြတ်ချက်အရ ယခုလို တာဝန်တိုး ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ DKBA ဗဟိုအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ် တာဝန်ကို အဆိုပါအစည်းအဝေးတွင်တိုးပေးခဲ့သည့် အပြင် ဒုတိယစစ်ဦးစီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စောတာ့ခူးကို ဗဟိုအကြံပေးနာယကအဖြစ် တာဝန်ပေးအပ်လိုက်သည်ဟု အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ သိရှိရသည်။
Telegram»…
https://t.me/positiveanglenews