(နိုင်ငံတကာ) ဒီဇင်ဘာ ၃
ဆီးရီးယားတွင် အကြမ်းဖက်သမားများနှင့်ဆီးရီးယားတပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပေါ်စေရန် အမေရိကန်နှင့်အစ္စရေးတို့က ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘက်ဂါအီ က ဒီဇင်ဘာလ ၂ ရက်တွင် ပြောသည်။
အစ္စရေး က ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြမ်းဖက် သမားများက တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ က ပြောသည်။
ဟာယတ်တာ ရီယာအယ်ရှမ်း အကြမ်းဖက်အဖွဲ့က နိုဝင်ဘာလ ၂၇ ရက်မှစ၍ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို တိုက်ခိုက်မှုများလုပ်ဆောင်ကာ ၂၉ ရက်တွင် အလက်ပိုမြို့သို့ ဝင်ရောက်လာ ခြင်းဖြစ်သည်။
ထို့နောက် အမေရိကန်နှင့်အစ္စရေးတို့အနေဖြင့် ဆီးရီးယားကို အင်အားနည်းပါးစေရန်နှင့်အစ္စလာမ်မစ်နိုင်ငံ များကြား၌ သွေးကွဲမှုများဖြစ်ပေါ်စေရန် အဆိုပါတိုက်ခိုက်မှုများကို အသုံးပြုခြင်း ဖြစ်ကြောင်း အီရန်ပြောရေးဆိုခွင့် ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
ထို့ပြင် ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွအဖွဲ့များကို အမေရိကန် က နှစ်ပေါင်းများစွာကြာ ထောက်ပံ့မှုများပေးခဲ့ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခများ မှနေ၍ အကျိုးကျေးဇူးများ ရရှိနေသူဖြစ်သည့်အတွက် အစ္စလာမ်မစ်နိုင်ငံများ အားလုံးအနေဖြင့်အစ္စရေး၏ အန္တရာယ်ကို သိရှိကြရန် ၎င်းက တိုက်တွန်းထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews