အကြမ်းဖက် PDF အဖွဲ့ဝင်များမှ ဆင်မတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးအား အကြောင်းမဲ့သတ်ဖြတ်


(ပြည်တွင်း) ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မတောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ဆင်မတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဝေ၊ အသက် ၄၆ နှစ်၊ (ဘ)ဦးတင်အေး သည် ဆင်ပေါင်ဝဲမြို့မှ ဈေးဝယ်ပြီးအပြန် ဆင်မြူးအောင်ကျေးရွာ ဘုန်းကြီးကျောင်း အကျော်‌တွင် ယမန်နေ့ညနေ ၇ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ‌ဦးခန့်မှ ၎င်းကားပေါ်မှ ဆွဲချဖမ်းဆီးသွားခဲ့ပြီး ညနေ ၆ နာရီအချိန်ခန့်တွင် ကျေးရွာချင်းဆက်လမ်းပေါ်၌ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN